မြစ်သား ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်း သား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီက သံတော်ဦးကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတ၊ ရသစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်ပြပွဲနှင့် မြေပြိုဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးအန္တရယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ငါတို့ ဘာတွေလုပ်ဆာင်ပေးနိုင်မလဲ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနေ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာများ လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)