ချမ်းမြသာစည်မြို့နယ်တွင် မဲစာရင်းကျန်ရှိမှု မရှိစေရေး (Door to Door) မြေပြင်ကွင်းဆင်း ကောက်ယူ

ချမ်းမြသာစည် ဒီဇင်ဘာ ၁

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ်မဲစာရင်း ကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းတွင် ထွန်တုံးရပ်ကွက်၊ ချမ်းတောင်ရပ်ကွက်၊ မြို့သစ် (၂) ရပ်ကွက်နှင့် အောင်ပင်လယ်ရပ်ကွက်များသို့ မြေပြင်ကွင်းဆင်း၍ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ထင်‌ဇော်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်‌စာရေးများနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများမှ Door to Door  မြေပြင်ကွင်းဆင်း၍ ထပ်မံတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎အလင်းသစ် (ချမ်း/စည်)