ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များ၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်

ငါန်းဇွန် ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး၊ မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေးနှင့်စာရင်းအချက်အလက်များ မှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်လေးရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းစိစစ်ခြင်းကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်းနှင့် မဲစာရင်းမှန်ကန်စေရေး Door to Door စိစစ်မှုအား (၂-၁၂-၂၀၂၅) ရက်နေ့အထိ နေ့စဉ် အဖွဲ့(၄)ဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)