အင်္ဂပူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်ကြေညာ

အင်္ဂပူ ဒီဇင်ဘာ ၁

ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ ဈေးများ၊ လူနေအိမ်းများတွင် မီးဘေးအန္တရာယ်မကျရောက်စေရန် အသိပေးကြေညာခြင်းကို နိုဝင်ဘာ ၂၉ ရက်နေ့ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ရပ်ကွက်များအတွင်းသို့ လှည့်လည်‌ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာ‌ပေးကြေညာရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်နှင့် ဈေးဆိုင်များတွင် လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိရန်၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်၊ ရေအိတ်များနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးများထားရှိရန်နှင့် မီးသတ်ဦးစီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များအားလိုက်နာ‌ ဆောင်ရွက်သွားကြရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်းများက လှည့်လည်ကြေညာခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)