အမရပူရ ဒီဇင်ဘာ ၁
အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ မှန်တန်း၊ ဈေးချို၊ လေးစု၊ အိုးတော်၊ တောင်ကြီး၊ ဟင်္သါ၊ ဆင်စွယ်ပွတ်၊ ရွှေဂွမ်းထုပ်ရပ်ကွက်နှင့် ဘုံးအိုးကျေးရွာ၊ ရှမ်းကလေးကျွန်းကျေးရွာ စသည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများအား အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး အမရပူခရိုင် ဦးစီးမှူး ဦးမျိုးခိုင်၊ အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများမှ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများနှင့်အဆင်ပြေချောမွေ့စွာ လုပ်ငန်းများ အောင်မြင်စွာလုပ်ဆောင်နိုင်ရေး၊ မကြာခင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲစာရင်းများကျန်ရှိမှု မရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏ နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် မဲပေးကြရေးတို့အတွက် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း၍ အချက်အလက်များတိုက်ဆိုင်စိစစ်ခြင်း၊ လိုက်လံရှင်းပြခြင်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ပြုလုပ်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)