သာစည်မြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

သာစည် ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရန်နှင့်ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိစေရန် (door to door) မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို အဖွဲ့များဖွဲ့၍ ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁ ရက် နေ့နံနက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကပ်ကျေးအင်းကျေးရွာ မြေပြင်ကွင်းဆင်းအဖွဲ့များထံ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်က ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင် ၁၆၀၇၉၈ ဦးရှိကြောင်းသိရပြီး ကွင်းဆင်းဆောင်ရွက်ရာ၌ အဆိုပါစာရင်းကို အခြေခံ၍ စာရင်းကျန်ရှိနေသူများအား ထပ်မံဖြည့်စွက်နိုင်ရန်နှင့်မဲစာရင်းတွင် မပါဝင်သင့်သူများအား ပယ်ဖျက်ခြင်းတို့ကို မှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ရုံးမှဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများပါဝင်သောအဖွဲ့ ၁၄ ဖွဲ့ဖြင့်ဖွဲ့စည်းပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၂ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)