အောင်မြေသာစံမြို့နယ်တွင် National ICT Awards-2025(Education Project Skill Competition) ပြိုင်ပွဲများ ကျင်းပ

အောင်မြေသာစံ ဒီဇင်ဘာ ၁

ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းပညာရေးမှူးရုံးက ကြီးမှူးကျင်းပသော National ICT Awards-2024 (Education Project Skill Competition) (တိုင်းအဆင့်) ပြိုင်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲများတွင် Computer Skill ပြိုင်ပွဲတွင် မူလတန်းကျာင်းသား၊ ကျောင်းသူ (၁၀) ဦး၊ Education Project Skill ပြိုင်ပွဲတွင် ဆရာ၊ဆရာမ အဖွဲ့ (၃) ဖွဲ့တိုက ပါဝင်ယှဉ်ပြိုင်ကြရာ တိုင်းဒေသကြီးပညာရေးမှူး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးကျော်မိုးထွန်း၊ ညွှန်ကြားရေးမှူး (ပညာ) ဦးအောင်ဆွေဦး၊ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးနေဝင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲများကို ဒီဇင်ဘာလ ၁ရက် မွန်းလွဲပိုင်းတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးကလည်းကောင်း၊ ဒီဇင်ဘာလ၂ရက်နေ့တွင် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက Computer Skill ပြိုင်ပွဲတွင် အဖွဲ့ (၂၇) ဖွဲ့တို့ကလည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)