အောင်မြေသာစံ ဒီဇင်ဘာ ၁
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၃၀ ရက်နေ့က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်နှင့် အနှိပ်တော်ရပ်ကွက်တို့တွင် ရွေးကောက်ပွဲဆိုင်ရာမဲစာရင်များမှန်ကန်စေရေးအတွက် Door to Door မြေပြင်ကွင်းဆင်းဆောင်ရွက်နေမှုများ မဲစာရင်းကပ်ထားကြေငြာထားရှိမှုများ၊ ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ အောင်မြေသာစံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်လဝကဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပေါင်း၍ သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရွေးကောက်ပွဲဆိုင်ရာမဲစာရင်များမှန်ကန်စေရေးအတွက် Door to Door မြေပြင်ကွင်းဆင်းဆောင်ရွက်နေမှုများ၊ မဲစာရင်းကပ်ထားကြေငြာထားရှိမှုများ၊ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးကြပြီး၊ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း