မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ ကွင်း/ကွက်အမှတ်(၁၁၆၈/ခ)၊ ဦးပိုင်အမှတ်(၁၄/၇)၌ ဆင်းရွှေကြာ (၂) နေကြာ မျိုးစေ့စိုက်ပျိုးပွဲကို တောင်သူ ဦးမြင့်ဇော် လယ်မြေ၌ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဆောင်းနေကြာစိုက်ပျိုးရာ၌ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်နှင့် သတ်မှတ်ဧကအထွက်တိုးပြီးပြည့်မီအောင် စိုက်ပျိုးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဌေးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ဝဲဒေါင့်ကျေးရွာအုပ်ချုပ်ရေးမှူး၊ တောင်သူများတို့က ဆောင်းသီနှံ ဆင်းရွှေကြာ(၂) နေကြာအား  စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)