ဒေးဒရဲ နိုဝင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်ရေးအတွက် မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်ဝင်တစ်အိမ်ထွက် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တိုက်ဆိုင်စစ်ဆေးရာသို့ မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ အဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးမြသိန်းမောင်နှင့် ကော်မတီဝင်များ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လိုက်လံကြည့်ရှု၍ မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေး၊မဲစာရင်းအချက်အလက်များ မှန်ကန်တိကျစေရေး၊ မပါဝင်သင့်သူများ မပါဝင်စေရေးတို့အတွက် လိုအပ်သည့်ပုံစံများ ဖြည့်သွင်းဆောင်ရွက်နေမှုကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)