ဒေးဒရဲ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်သည့် ဆန်နှင့်ဆီများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄)နာရီက ချောင်းဖျားကျေးရွာ၊ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့်ဆီများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ (၆၆)ဦးအား တစ်ဦးလျင် ဆန် (၁)ပြည်နှင့် ဆီ (၅၀)သား လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး အသက် (၁၈)နှစ်နှင့် အထက်ရှိ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း