ရွှေသောင်ယံမြို့တွင် ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကမ်းခြေလမ်းမကြီးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရွှေသောင်ယံ နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့သည် တည်ငြိမ်အေးချမ်းသော မြို့တစ်မြို့ဖြစ်သည်နှင့်အညီ မြို့တွင်းမြို့ပြင် ကမ်းခြေလမ်းမကြီးသာယာလှပပြီး ပြေပြစ်ကောင်းမွန်ရေးအတွက် လမ်းပြုပြင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ (၁၉)ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက် Sea&Lake အပန်း​ဖြေဥယျာဉ်အနီးမှစတင်ပြီး အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်များရှိ ကမ်းခြေလမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း၊ သဲကုန်းကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသော ကမ်းခြေလမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း ကျောက်ရောမြေများခင်းခြင်း၊ လမ်းညှိပြုပြင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါမြေညှိလမ်းခင်းရာ၌ ဒေသခံတို့၏အကျိုးစီးပွားကိုရည်ရွယ်၍ လမ်းပြုပြင်ရေးကော်မတီနာယကများ ဖွဲ့စည်းခြင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖွဲ့စည်းခြင်းတို့ပြုလုပ်ပြီ နာယကများအဖြစ် ရွှေသောင်ယံလှုပ်ရှားစစ်ဗျူဟာမှူးနှင့် မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဇော်သိန်း ဦးဆောင်​သော မြို့မိ၊ မြို့ဖများမှလည်းကောင်း၊ လမ်းပြုပြင်ရေးအတွက် ရွှေသောင်ယံမြို့ရှိသက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် မြို့ဖဦးရဲကျော်သူနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များတို့မှ ကော်မတီအဖွဲ့ဝင်များအဖြစ်လည်းကောင်း ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသော ကမ်းခြေလမ်းမကြီးမြေညှိပြုပြင်ခြင်းလုပ်ငန်းများကို တာဝန်ယူ​လုပ်ကို​င်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ရှိစီး စီးပွားရေးလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၏ စက်ယန္တရားများ၊ ငွေကြေးများအကူအညီဖြင့် လမ်းအရှည် () မိုင်ရှည်လျှားသောလမ်းမကြီးကို ဒေသခံပြည်သူများ၏အကျိုးစီးပွားအတွက် အထက်ပါပုဂ္ဂိုလ်များမှ ဒီဇင်ဘာလပထမပတ်တွင်အပြီး တာဝန်ယူလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမောင်