သံဖြူဇရပ်၌(၇၆)ကြိမ်မြောက် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်ရေးဖြေစာမေးပွဲကျင်းပ

သံဖြူဇရပ်  နိုဝင်ဘာ ၂၉

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှကြီးမှူး ကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့ မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင်  ပြုလုပ်ခဲ့သည်။

အဆိုပါ စာမေးပွဲကို သံဖြူဇရပ်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ တာဝန်ရှိသူများက  အ.ထ.က(၁)၊ အထက(၂)၊ အထက(ကျုံကဒတ်)၊ အထက(ပင)၊ အ-ထ-က(ကျိုက္ခမီ) ကျောင်းနှင့်  ဝိဇယာရာဘုန်းတော်ကြီးကျောင်း(ကျိုက္ခမီ) တို့တွင်ဖြေဆိုနေမှုအား လာရောက် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပြောကြားခဲ့ကြသည်။

အဆိုပါ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ကျောင်းသားလူငယ်၊ လူရွယ်များဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာစေရန်၊ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီ၍ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတတ်စေရန်နှင့် အမျိုးအနွယ်ကိုစောင့်ထိန်းကာ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကျင်းပလျက်ရှိပြီး သံဖြူဇရပ်မြို့နယ်၌ စာဖြေဌာန (၆) ခုတွင် အငယ်တန်းဖြေဆိုသူ (၁၉၃) ဦး၊ အလတ်တန်းဖြေဆိုသူ (၂၀) ဦးနှင့် အကြီးတန်းဖြေဆိုသူ (၁၈) ဦး စုစုပေါင်း (၂၃၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)