ဆင်ပေါင်ဝဲမြို့နယ်၌ ကျောင်းသူများ Myanmar Fitness Dance အကပြိုင်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးဆောင်မှုဖြင့် ကျောင်းသူများအား Myanmar Fitness Dance အက ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို Myanmar Fitness Dance အကပြိုင်ပွဲသို့ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသူများက ပြိုင်ပွဲဝင် (၅) သင်း ယှဥ်ပြိုင်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးကျော်ဇင်ဖြိုးနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ Myanmar Fitness Dance အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်းများအား ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးကျော်ဇင်ဖြိုးထံမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)