မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီများ ပံ့ပိုးပေးအပ်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီများ ပံ့ပိုးပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ (၁) နာရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပံ့ပိုးပေးအပ်ပွဲတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးတို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ဆန် (၁)ပြည်၊ ဆီ (၅၀)ကျပ်သားနှုန်းဖြင့် စုစုပေါင်း ဆန် (၄) အိတ်၊ ဆီ (၂၄)ပိဿာအား ပံ့ပိုးပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ (၄၉) ဦးရှိသော်လည်း (၁၄-၁၀-၂၀၂၅) ရက်နေ့တွင် မိဘများနေထိုင်ရာ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားသူ(၁) ဦးရှိသဖြင့် ကျန်ရှိသော (၄၈) ဦးအား ဆန်၊ ဆီ များပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။ 

ရဲကိုမောင်(ပြန်/ဆက်)