မအူပင်မြို့၌ GW11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

မအူပင် နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ အောင်ဟိတ်ကျေးရွာ၌ GW11 မိုးစပါး စံကွက်ရိတ်သိမ်းမှုအား ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ တောင်သူဦမျိုးညွန့်ပိုင်ကွင်းအမှတ် (၈၃၄)၊ ဦးပိုင်အမှတ် ၂၀/၅၊ ဧရိယာ (၀.၄၀)ဧက၊ ဘိုးတော်မိကွင်းအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသောင်းသိန်းဌေး ဦးဆောင်မှုဖြင့် စံကွက်ရိတ်သိမ်းသည်။

အဆိုပါ စံကွက်ရိတ်သိမ်းမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသောင်းသိန်းဌေး၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။                                                                                  

အောင်မြင့်မြတ် (ပြန်/ဆက်)