ပခုက္ကူ နိုဝင်ဘာ ၂၉
လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးရည်ရွယ်၍ ၂၀၂၅ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကျင်းပခဲ့သည်။
အဆိုပါလူထုလမ်းလျှောက်ပွဲတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ဗိုလ်မှူးသက်ထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ စုစုပေါင်းအင်အား ၃၀၀ခန့်ပါဝင်ဆင်နွှဲကြပြီး ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်း တံတားထိပ်မှ သတ်မှတ်လမ်းကြောင်းအတိုင်း ရွှေချောင်းအဝိုင်းလမ်းဆုံအထိ စုပေါင်းလမ်းလျှောက်ကြသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊(၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ကြပြီး တာဝန်ရှိသူများက ကောက်ညှင်းထုပ်များ ပေးဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)