ငဖဲ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်အတွက် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ကျောင်းတွင်းရပ်ကွက် မန်ကျည်းပင်လမ်းဆုံမှ မင်းလွင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းအထိ အသွားအပြန် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၄၅ ဦးခန့် စုပေါင်း၍ ကျောင်းတွင်းရပ်ကွက် မန်ကျည်းပင်လမ်းဆုံရှေ့မှ မင်းလွင်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းအထိ အသွားအပြန်လမ်းလျှောက်ကြပြီး စုပေါင်းကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး အတွဲ(၁)၊(၂)ကို စုပေါင်းဆောင်ရွက်ခဲ့သည်။
လမ်းလျှောက်ပွဲအပြန်တွင် မင်းလွင်ကျေးရွာအုပ်စုမှ ဆီထမင်းနှင့် ကော်ဖီ၊ မုန့်များကို ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)