ပခုက္ကူ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအတွင်း ထည့်သွင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲ (အလယ်တန်းအဆင့်) တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း “Never Stop Learning Talk Show” တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဝင်းနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ စေတနာရှင်ပြည်သူများ လှူဒါန်းထားသော သုတရသစာအုပ်စာစောင်များကို ကျောင်းစာကြည့်တိုက်တစ်တိုက်လျှင် ၂၅ အုပ်နှုန်းစီဖြင့် အခြေခံပညာကျောင်း (၈) ကျောင်းရှိ တာဝန်ခံကျောင်းအုပ်ကြီးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ဗိုလ်မှူးသက်ထွန်းနိုင်နှင့် အဖွဲ့ဝင်များကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ လက်မှုအနုပညာပြပွဲအပါအဝင် အသိပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း “Never Stop Learning Talk Show” ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးဦးတို့က စာရေးဆရာမခင်ဆွေဦးရေးသားထုတ်ဝေထားသော “ဒို့တိုင်းဌာနီ” စာအုပ်ပါအကြောင်းအရာနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ