ကျိုက်မရော နိုဝင်ဘာ ၂၈
ကျိုက်မရေမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက်က ကျိုက်မရော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးစိုးတင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်စန္ဒာဝင်းက ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာ၊ ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ ရက် ဖြစ်ကြောင်း သိရသည်။
ကျိုက်မရော(ပြန်/ဆက်)