ရေနံချောင်းမြို့နယ်၌ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရေနံချောင်း နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မာန်မြေရွာသစ်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့မှ မြစ်ကမ်းပြိုဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် ကြိုတင်ပြောင်းရွေ့အိမ်ထောင်စုများအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်သည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မာန်မြေရွာသစ်ကျေးရွာမှ ကြိုတင်ပြောင်းရွေ့အိမ်ခြေ (၉)လုံးနှင့် ညောင်ပင်သာကျေးရွာမှ ကြိုတင်ပြောင်းရွေ့အိမ်ခြေ (၂)လုံးတို့မှ အိမ်ထောင်စုဝင် ၄၀ ဦးအတွက် ပြောင်းရွေ့စရိတ်နှင့်ဆန်ရိက္ခာဖိုးငွေ စုစုပေါင်းငွေကျပ် ၁၃ သိန်းကို ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)