မကွေး နိုဝင်ဘာ ၂၈
၂၀၂၅/၂၀၂၆ ပညာသင်နှစ်အတွင်း၊ ဆေးတက္ကသိုလ်(မကွေး)၌ဖွင့်လှစ်သွားမည့် ဆေးပညာပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက ဆေးတက္ကသိုလ်-မကွေး၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားသို့ ဆေးတက္ကသိုလ်-မကွေး၊ ပါမောက္ခချုပ်ဒေါက်တာခင်မာမြင့်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ဆေးပညာပထမနှစ် သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆေးတက္ကသိုလ်-မကွေး၊ ပါမောက္ခချုပ် ဒေါက်တာ ခင်မာမြင့်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပညာသင်နှစ်အလိုက်သင်ကြားပေးမည့် အစီအစဉ်များနှင့် ကျောင်းစည်းကမ်းများကို ပြောကြားသည်။
ထို့နောက် ဆေးတက္ကသိုလ်-မကွေး၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများနှင့် မိတ်ဆက်ပေးပြီး ဘာသာရပ်ဆိုင်ရာ ဌာနမှူးများကိုယ်စား ရောဂါဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခများက နှုတ်ခွန်းဆက်စကားပြောကြားကာ ဆေးတက္ကသိုလ်-မကွေး၊ ဌာနမှူး (စီမံ/ဘဏ္ဍာ) မှ တာဝန်ရှိသူများက တက္ကသိုလ်စည်းမျဉ်း၊ စည်းကမ်းများနှင့် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)