ကျုံပျော် နိုဝင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ တာဝန်ရှိသူများက ဒုတိယအကြိမ်မဲစာရင်းကိုအခြေခံ၍ မဲဆန္ဒရှင်များ၏ အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင်ကျန်နေခဲ့သူများ မရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်လျှက်ရှိသည့် အထောင်မြို့ရပ်ကွက်များသို့ ယနေ့နံနက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းအောင်မော်နှင့် တာဝန်ရှိသူများမှ သွားရောက်၍ အထောင်မြို့၊ အမှတ် ၂ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ဒုတိယအကြိမ်မဲစာရင်းကို အခြေခံ၍ မဲဆန္ဒရှင်များ၏ အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင်ကျန်နေသူများမရှိစေရေး တိုက်ဆိုင်စစ်ဆေးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် (ဒုတိယ) အကြိမ် မဲဆန္ဒရှင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် တွေ့ရှိရသည့်ကွဲလွဲချက်များရှိပါကလည်းကောင်း၊ မဲစာရင်းတွင် မပါရှိပါကလည်းကောင်း သတ်မှတ်ပုံစံများဖြင့် တစ်ပါတည်း လျှောက်ထားနိုင်ရေး ဆောင်ရွက်သွားရန်၊ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသူများရှိပါက စာရင်းပြုစု၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)