ပခုက္ကူမြို့၌ ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲပြုလုပ်

ပခုက္ကူ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၂) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အသိပညာပေးရှင်းလင်းပွဲတွင် ပခုက္ကူခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်သန္တာဦးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် တိုင်ကြားမှုယန္တရားများ၊ ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းကာ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)