သံဖြူဇရပ် နိုဝင်ဘာ ၂၈
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်ရပ်ကွက်ကျေးရွာ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သံဖြူဇရပ်မြို့ပေါ် (၁၆) ရပ်ကွက်နှင့် ကျေးရွာ(၁၅) ရွာတို့တွင် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုကို ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် အိမ်တိုင်ရာရောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မိမိရပ်ကွက်/ ကျေးရွာအတွင်း နေထိုင်သည့်အိမ်ထောင်စုအလိုက် မဲစာရင်းပါမပါတိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူနေမှုကို လိုက်လံကြည့်ရှုကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအားကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄ဂ)ဖြင့်လည်းကောင်းမဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်မှစ၍ ၁၄ရက် အတွင်းသက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)