ဒေးဒရဲ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအား ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမြသိန်းမောင်က ယခုသင်တန်းတွင် မဲပေးစက်များ တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်များအား SD ကဒ်များထည့်သွင်းခြင်း၊ စတေကာ တပ်ဆင်ခြင်းစသော နည်းပညာများအား စနစ်တကျပို့ချမည်ဖြစ်ပြီး မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စိတ်စေတနာ အပြည့်အဝဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ သိရှိရန်လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဦးအောင်မြတ်သူ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာများအား လက်တွေ့သရုပ်ပြ ရှင်းလင်းပို့ချမည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်တပ်ဆင် အသုံးပြုနည်းသင်တန်းသို့ မဲရုံတာဝန် ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း (၁၂၄) ဦး တက်ရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
အေဇာလင်း