ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဆိပ်ဖြူ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ အခြေခံပညာအထက်ကျောင်းတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်တို့က တက်ရောက်အမှာစကားပြောကြားပေးသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုက ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျာင်းသား/ကျောင်းများ ပညာရည်မြင့်မားရေးနှင့် ဗလငါးတန်းဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားသင်ယူမှုလုပ်ငန်း အောင်မြင်ရေးဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဖြေဆိုရမည့် နည်းလမ်းများနှင့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် အခြေခံပညာကျောင်းများက ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဘာသာရပ်ပြ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင်းမားရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပေးပြီး လိုအပ်သည့် ပေါင်းစပ်ကူညီမှုများပေးခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)