အောင်လံမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

အောင်လံ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၆က) ပန်းမတကွင်းအား ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၆က)တွင် တောင်သူ ဦးထွန်းမြင့်၏ စပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ရာ အောင်နိုင်တိုး စပါးမျိုး (အစိုထွက်) အထွက်နှုန်း တင်း (၁၀၀.၂၂) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာနေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)