မင်းဘူးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေး

မင်းဘူး နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီတိုက်ပွဲရှောင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်းဝင်း၊ ခရိုင်ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောစုရည်နှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကာ ကြိုတင်ဆန္ဒမဲပေးသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ၁၅၀ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)