စေတုတ္တရာ နိုဝင်ဘာ ၂၇
စေတုတ္တရာမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအား ရပ်ကွက်၊ ကျေးရွာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလွန်းဆောင်က ရပ်ကွက်၊ ကျေးရွာလုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်ချက်များ၊ ရပ်၊ ကျေးကော်မရှင်အဖွဲ့ခွဲ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ ရွေးကောက်ပွဲမကျင်းပမီ၊ ကျင်းပဆောင်ရွက်မည့်နေ့ရက်တို့တွင် ဆောင်ရွက်ကြရမည့်လုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ဆန်းကိုကို (ပြန်/ဆက်)