ဟင်္သာတ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ကွင်းအမှတ် (၁၄၆၂)၊ ဦးပိုင်အမှတ် (၃၉)ရှိ တောင်သူ ဦးရန်မျိုးနိုင်ပိုင် လယ်မြေ (၂) ဧက၌ ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းဦးဆောင်၍ အခမ်းအနားသို့ တက်ရောက်လာသူများမှ တောင်သူ ဦးရန်မျိုးနိုင်ပိုင်ဆိုင်သော လယ်မြေ၌ ဆင်းရွေကြာ-၂မျိုး၊ ဆီထွက်သီးနှံ ဆောင်းနေကြာအား စုပေါင်းအစေ့ချ စိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)