မုဒုံမြို့၌ ရော်ဘာမှိုင်းရုံ မီးလောင်မှုဖြစ်ပွား

မုဒုံ နိုဝင်ဘာ ၂၇

မွန်ပြည်နယ်မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင် လမ်းဘေး၌ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အဆိုပါ မှိုင်းရုံတွင် ရော်ဘာအစေးပြားများ မှိုင်းခံထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဖုန်းမြင့်အေးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကမာဝက်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ပြည်သူများက မီးငြှိမ်းသတ်ယာဥ်၊ ရေသယ်ယာဥ်များဖြင့် ဝိုင်းဝန်းပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ မိနစ်  ၃၀ တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ရော်ဘာမှိုင်းရုံ (၁၅ ပေ × ၂၀ ပေ) အုတ်ခင်း အုတ်ညှပ် အဆောက်အဦတစ်လုံး၊ ရော်ဘာများ ဆုံးရှုံးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)