သံဖြူဇရပ်၌ မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်လှစ်

သံဖြူဇရပ် နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ပြုလုပ်သည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘုရင့်နောင်) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းဝင်းက ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် သင်တန်းနည်းပြ (၄) ဦးတို့က မြို့နယ်အတွင်း တက်ရောက်လာကြသည့် မဲရုံမှူး၊ ဒု-မဲရုံမှူးဆရာ၊ ဆရာမ စုစုပေါင်း (၁၁၀) ဦးတို့အား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို တစ်ရက်တာ ရှင်းလင်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)