ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံ ဦးကိုကိုလွင် ချောင်းဆုံမြို့နယ်၌ မဲရုံးမှူးနှင့် ဒုတိယမဲရုံးမှူး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေး

ချောင်းဆုံ နိုဝင်ဘာ ၂၇

မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံးမှူးနှင့် ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့က ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံ ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု့အားပေးခဲ့သည်။

သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံက ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများ၊ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်အကြောင်း၊ မဲရုံးမှူးနှင့်ဒုတိယမဲရုံးမှူးတို့၏ လုပ်ငန်းတာဝန်များကိုရှင်းလင်းပြောကြားခဲ့ပြီး မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြို့က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားကာ သင်တန်းပို့ချနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံနှင့် တာဝန်ရှိသူများက ကျေးရွာများ၌ မဲပေးပိုင်ခွင့်ရှိသူစာရင်း ဒုတိယအကြိမ်ကပ်ထားကြေညာမှုများအား ကွင်းဆင်းကြည့်ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းကို နည်းပြ(၄)ဦးတို့မှ  သင်တန်းသား၊ သင်တန်းသူ (၁၄၆)ဦးတို့အား ပို့ချလျက်ရှိပြီး မြို့နယ်အတွင်း၌ မဲရုံပေါင်း (၇၃)ရုံးနှင့် ဒုတိယအကြိမ်ကပ်ထားကြေညာသည့် မဲပေးပိုင်ခွင့်ရှိသူ(၁၁၆၁၅၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ကိုကျော်(ချောင်းဆုံ)