ဆိပ်ဖြူမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်းဖွင့်လှစ်

ဆိပ်ဖြူ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက သင်တန်းဖွင့်အမှာစကား တက်ရောက်ပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိတို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ ရွေကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းတင်ပြပေးပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ရွေကောက်ပွဲဆိုင်ရာလုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက သင်တန်းတွင် စီမံဆောင်ရွက်ထားသည့် မဲပေးခြင်းလုပ်ငန်းစဉ်များ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ၎င်းနောက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း လမ်းညွှန်ဆင့်ပွားသင်တန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သင်တန်းနည်းပြတို့က ရွေကောက်ပွဲဆိုင်ရာလုပ်ငန်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းပညာများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ဆင့်ပွားသင်တန်းပေးသည်။ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်းကို နိုဝင်ဘာလ (၂၆) ရက်နေ့နှင့် (၂၇) ရက်တို့တွင် သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း ၊ မဲရုံ(၁၃)ခုမှ မဲရုံမှူး ၊ ဒုတိယမဲရုံမှူး နှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင် (၄၄) ဦးတို့ သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရိန်(ဆိပ်ဖြူ)