ကြံခင်းမြို့၌ နည်းပညာအထောက်အကူပြုအဖွဲ့မှ မြန်မာအီလက်ထရောနစ်စက်များအား ဖွင့်ဖောက်စစ်ဆေး

ကြံခင်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ အသုံးပြုမည့် မြန်မာအီလက်ထောနစ်မဲပေးစက်(MEVM)စက်များအား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ နည်းပညာအထောက်အကူပြုအဖွဲ့များက ဖွင့်ဖောက်စစ်ဆေးခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)တို့ကကြီးကြပ်၍ ကြံခင်းမြို့နယ်အတွင်းအသုံးပြုမည့်(MEVM)စက် ၃၉၄ လုံး အား ဆန္ဒမဲပေးရာတွင် တစ်စုံတစ်ရာအခက်အခဲများနှင့် Error မဖြစ်ပေါ်စေရေးအတွက် နည်းပညာအထောက်အကူပြုအဖွဲ့များက စက်နံပါတ်များမှန်/မမှန်၊ ဘက်ထရီအိုးများကောင်းမ/မကောင်း၊ Installation ပြုလုပ်၍ ရမ/ရ၊ Error ဖြစ်ခြင်းရှိ/မရှိတို့ကို သက်ဆိုင်ရာအုပ်စုများခွဲ၍ စစ်ဆေးကြသည်။ အဆိုပါ လုပ်ဆောင်နေမှုတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုကာ လိုအပ်ချက်များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)