နတ်မောက် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ တာဝန်ရှိသူများက မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကြေညာထားမည်ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက မဲဆန္ဒရှင် အမည်စာရင်းများကို ဒေသခံပြည်သူများ အလွယ်တကူကြည့်ရှုနိုင်ရန် စနစ်တကျဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း