စစ်ကိုင်းမြို့တွင် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်

စစ်ကိုင်း နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကြွေပြားကပ်လုပ်သား အဆင့် (၁) သင်တန်းနှင့် ပိုက်ဆက်လုပ်သား အဆင့် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၃ နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးဝင်းမင်းထွဋ်က သင်တန်းပို့ချမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများတွင် ကြွေပြားကပ်လုပ်သား အဆင့် (၁) သင်တန်းမှာ သင်တန်းကာလ ၄ ပတ်နှင့် ပိုက်ဆက်လုပ်သား အဆင့် (၁) သင်တန်းမှာ သင်တန်းကာလ ၂ ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၄၀) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)