အရာတော်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

အရာတော် နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းအောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိမှ မဲရုံမှူး၊ ဒု-မဲရုံမှူးများအား MEVM စက် အသုံးပြုနည်းနှင့် ရွေးကောက်ပွဲဆိုင်ရာတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရပ်/ကျေးလုပ်ငန်းလမ်းညွှန်နှင့်မဲစာရင်းပြုစုခြင်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိမှ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပို့ချခဲ့သည်။

အဆိုပါသင်တန်းကို မဲရုံမှူး (၉) ဦး၊ ဒုမဲရုံမှူး (၉) ဦး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (၆) ဦး စုစုပေါင်း (၂၄) ဦး တက်ရောက်ကြပြီး သင်တန်းကာလကို (၂) ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)