နတ်မောက်မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ

နတ်မောက် နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ အသိပေးထုတ်ပြန်ကြေညာခြင်းကို နိုဝင်ဘာ(၂၁)ရက်နေ့မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများမှ စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုကြသည်။

နတ်မောက်မြို့နယ်တွင် ဒုတိယအကြိမ်ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများမဲစာရင်းတွင် ပါဝင်ခြင်းရှိ/မရှိသိရှိနိုင်ရန် (၁၄)ရက်ကြာ ထုတ်ပြန်ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း