စေတုတ္တရာမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေး ဆောင်ရွက် 

စေတုတ္တရာ နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ စည်ပင်သာယာဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၇) နာရီက ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်းနှင့်စက္ကူအိတ်များ အခမဲ့ဖြန့်ဝေပေးကာ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဆန်းကိုကို(ပြန်/ဆက်)