နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေးသင်တန်း ပြုလုပ်

နတ်မောက် နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တောင်သူအသိပညာပေးသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက တောင်သူများအား စပါး၊ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများ၏ သက်တမ်းအလိုက်ရေသွင်းခြင်း၊ ပေါင်းနှိမ်နင်းခြင်း၊ မြေသြဇာကျွေးခြင်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းအကြောင်းအရာများကို Projector ဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား ပဲတီစိမ်းနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း