ကလေးဝ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ မြို့ပေါ် (၃) ရပ်ကွက်ရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာခြင်းကို နိုဝင်ဘာလ(၂၁) ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများကိုဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကိုဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ကွင်းဆင်းလိုက်လံကြည့်ရှု့စစ်ဆေးခဲ့သည်။
ကလေးဝမြို့တွင် မဲရုံပေါင်း(၅)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)