ထန်ပါခွေ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် (ဒုတိယ) အကြိမ် သီးနှံမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အသင်းတော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဉီးအောင်မင်းသူက စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းလမ်းကောင်းများအား ဒေသခံတောင်သူများကိုရှင်းလင်းပြောကြားပြီးနောက် မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အစေ့ထုပ်ပြောင်း (၅)ကီလို၊ စပါး (၈) တင်း၊ နေကြာ (၃) ကီလို၊ ထောပတ် (၂၅)ပင်၊ ကော်ဖီ (၁၅၀၀)ပင်နှင့် လက်ဖက် (၂၅)ပင်တို့အား ဒေသခံတောင်သူများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးကိုစိတ်ပါဝင်စားသော ဒေသခံတောင်သူ (၃၅)ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းကြရာ စိုက်ပျိုးရေးဉီးစီးမှူး ဦးအောင်မင်းသူက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။
အလန် (ထန်ပါခွေ)