ပခုက္ကူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြော်ငြာဘုတ်များဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာမှုအား ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှစတင်ပြီး မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာရာ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ အမည်စာရင်းပါဝင်မှုရှိ/မရှိနှင့် မဲစာရင်းပါအချက်အလက်များ မှန်ကန်မှုရှိ/မရှိအခြေအနေတို့ကို စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြသည်။
မဲဆန္ဒရှင်ပြည်သူအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးတို့အတွက် ဒီဇင်ဘာလ ၄ ရက်နေ့အထိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာသွားမည်ဖြစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်ရွေးကောက်ပွဲအရာရှိများ၊ အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကယ်ရီမောင်