ရွှေဘို နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ ဒုတိယအကြိမ်ကပ်ထားကြေညာထားကြောင်းသိရသည်။
မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို ဒီဇင်ဘာလ ၄ ရက်အထိ ကြေညာသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃)၊ ကန့်ကွက်လိုပါက ပုံစံ (၄)၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) တို့ဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပုံစံများ အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကို ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စုအဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယအကြိမ်မဲစာရင်းများကြေညာထားရှိမှုကို ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ ရွှေဘိုမြို့နယ်၌ ရွေးကောက်ပွဲအပိုင်း (၁) တွင်၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၅) အုပ်စု၊ မဲရုံပေါင်း (၁၀)ရုံ ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)