စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၂၄

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းမြို့ နှစ်(၇၀၀)ကွင်း၊  ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပညာရေး(က)အသင်းမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ခ)အသင်းအား ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်က ပထမဆုရရှိသော ပညာရေး(က)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလား၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒုတိယ၊ တတိယ၊ စတုတ္ထရရှိကြသောအသင်းများနှင့် နေရာအလိုက်အကောင်းဆုံးဆုရရှိကြသော အားကစားသမားများအား  ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)