မင်းကင်းမြို့တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ရပ်ကျေးကော်/ခွဲများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်

မင်းကင်း နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ရပ်ကျေးကော်/ခွဲများအား လုပ်ငန်းခွင်အကြိုသင်တန်းကို ယနေ့ နံနက် ၉နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မင်းကင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အတွင်းရေးမှူးရဲမှူး‌ထွန်းဇော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်ဦးတို့က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်‌ရွေးကောက်ပွဲအရာရှိ‌ ဒေါ်အိအိဖြူက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မဲရုံ(၁၅)ရုံမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများး စုစုပေါင်း သင်တန်းသား ၊သင်တန်းသူ (၁၆၄)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် အိလက်ထရောနစ်မဲ‌‌ပေးစက်များ စမ်းသပ်စစ်ဆေးခြင်း၊ မဲရုံမဖွင့်မီ ကြိုတင်ဆောင်ရွက်ရန်၊ မဲရုံဖွင့်လှစ်ထားစဉ် ဆောင်ရွက်ရန်အချက်များ၊ မဲဆန္ဒရှင်များ ဆန္ဒမဲ‌‌ပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်းစသည့် မဲရုံများဖွဲ့စည်းခြင်း၊  မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးတို့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချူပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး အစရှိသည့် မဲရုံအဖွဲ့ဝင်များတာဝန်ထမ်းဆောင်ရွက်ရမည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအတွက် သတ်မှတ်ပုံစံများ၊ လုပ်ထုံးလုပ်နည်းများအား သင်တန်းကာလ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ‌ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)