ဟုမ္မလင်း နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့်တာဝန်ထမ်းဆောင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်စေရန် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် သင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးလှဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခန္တီးခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထွန်းနိုင်က မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို နိုင်ဝင်ဘာလ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှ မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် သင်တန်းသူ/သင်တန်းသား (၁၄၂)ဦး တက်ရောက်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှဝင်းအောင်၊ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သင်တန်းသူ/သင်တန်းသားများစုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)