ခန္တီးမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ခန္တီး နိုဝင်ဘာ ၂၃

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့ အထိ(၁၄)ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်သည်။

မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည်စုံမှန်ကန်သည့်မဲစာရင်းများ ရရှိနိုင်မည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် သွားရောက်ကြည့်ရှုကာ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပြီးပါက မဲဆန္ဒရှင်စာရင်းများကို (တတိယ)အကြိမ် ကပ်ထားကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်သည်။ ခန္တီးမြို့နယ်အတွင်း မဲရုံပေါင်း (၃၇)ရုံနှင့် မဲဆန္ဒရှင်ဦးရေ(၂၇၁၇၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)